Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် ငှက်ပျောတော (အထက်)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


25 Apr,2024

သံတောင်ကြီး    ဧပြီ     ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာ အုပ်စု၊ ငှက်ပျောတော (အထက်)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာကြည်၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ငှက်ပျောတော(အထက်) ကျေးရွာ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငှက်ပျောတော (အထက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ် ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ တစ် ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၄၈ ဦးအတွက် ငွေကျပ် ၄၆ ဒသမ ၃ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားကြောင်း သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm